ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်အရာရှိတွေကို စစ်သင်တန်းပေးတာ ချက်ချင်းရပ်ဆိုင်းသင့်ပြီလို့ Justice For Myanmar ကတောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့တဲ့ လေတပ် ဒုတိယဗိုလ်မှူးကြီး တစ်ဦးကို မကွေးတိုင်းအတွင်း ကြီးလေးတဲ့ချိုးဖောက်မှုတွေမှာ ပါဝင်ကျူးလွန်ထားတဲ့ တပ်ဖွဲ့တွေနဲ့ တာဝန်ထမ်းဆောင်နေတာတွေ့ရ ကြောင်း Human Rights Watch နဲ့ Justice For Myanmar တို့က ဒီကနေ့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
All Japan Defense Association နဲ့ ကာကွယ်ရေးဝန်ကြီးဌာန မှတ်တမ်း အချက်အလက်တွေအရ မြန်မာ့လေတပ်က ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုးဟာ ၂၀၁၆ ခုနှစ်၊ သြဂုတ်ကနေ ၂၀၁၇ ခုနှစ်၊ မတ်လ အထိ ဂျပန်နိုင်ငံ၊ လေတပ်ဌာနချုပ်နှင့် စစ်ဦးစီးကောလိပ်တို့မှာ သင်တန်းတက် ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း မကွေးတိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ပွဲတွေ အပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၅၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မြန်မာစစ်တပ် ဟာ မကွေးတိုင်းအတွင်း တရားလက်လွတ်လေကြောင်းတိုက်ခိုက်မှု ၊ မီးရှို့သတ်ဖြတ်မှုတွေနဲ့ အခြားရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ခဲ့ ကြောင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့တယ်လို့ဆိုပါတယ်။
၂၀၁၅ ခုနှစ်ကစပြီးဂျပန်အစိုးရဟာ မြန်မာ ဗိုလ်လောင်းတွေနဲ့ အရာရှိတွေကို ကာကွယ်ရေးဝန်ကြီးဌာနကျောင်းတွေမှာ လက်ခံသင်ကြားပေးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် အတွင်း ဗိုလ်လောင်းနှစ်ဦးနဲ့ အရာရှိနှစ်ဦးကို ဂျပန်နိုင်ငံက လက်ခံခဲ့ သလို၂၀၂၂ ခုနှစ်မှာလည်း ဗိုလ်လောင်းနှစ်ဦးနဲ့ အရာရှိနှစ်ဦး ကို သင်တန်းပေးဖို့ ဂျပန်နိုင်ငံက ထပ်မံ လက်ခံခဲ့ပြန်ပါတယ်။