တရုတ်နိုင်ငံ မြို့တော်ရှန်ဟိုင်းဟာလာမည့်သီတင်းပတ်မှာ သူ့ရဲ့စိတ်ပျက်စရာ ကိုဗစ်ပိတ်ဆို့မှုကို အပြည့်အဝ ပြန်လည်ရုတ်သိမ်းဖို့ အကောင်အထည်ဖော်နေပါတယ်. ဒါကြောင့် နှစ်လနီးပါးကြာ ရထားလိုင်းအချို့ကို ပိတ်ထားပြီးနောက် ကမ္ဘာ့အရှည်ဆုံး မြေအောက်ရထားစနစ်ရဲ့အစိတ်အပိုင်းငယ်တစ်ခုကို မေလ၂၂ရက် မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ရှန်ဟိုင်းမြို့ရဲ့ ကိုဗစ်ဆိုင်ရာထိန်းချုပ်ကန့်သတ်ချက်တွေက မကြာသေးမီလတွေအတွင်း တရုတ်စီးပွားရေးရဲ့ စားသုံးမှု၊ စက်မှုကုန်ထုတ်မှုနဲ့ အခြားကဏ္ဍတွေကို ထိခိုက်စေခဲ့ပါတယ်။
စီးပွားရေးအချက်အချာကျတဲ့နေရာကို စွန့်စားလာသူတွေဟာ အပြာရောင်အကာအကွယ်ဝတ်စုံတွေ မျက်နှာအကာတွေကို ဝတ်ဆင်ကြရပါတယ်။ ရထားတွဲအတွင်း ခရီးသည်တွေရဲ့အကြားမှာ ထိုင်ခုံတွေခြားထိုင်ကြရပါတယ်။
လူဦးရေ ၂၅ သန်းရှိတဲ့ မြို့တော်ဟာ သူ့ရဲ့မြို့လုံးဆိုင်ရာ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပြီး ဇွန်လ ၁ ရက်နေ့မှာ ပုံမှန်အတိုင်းပြန်လည်ပတ်ဖို့ မျှော်လင့်ထားပါတယ်။
နောက်ဆုံး အချက်အလက်အရ ရှန်ဟိုင်းရဲ့ ကီလိုမီတာ ၈၀၀ ရှည်လျားတဲ့ မြေအောက်မီးရထားစနစ်ဟာ ၂၀၂၀ ခုနှစ်မှာ တစ်ရက် ပျမ်းမျှခရီးသည် ၇ ဒဿမ ၇ သန်း စီးနင်းနိုင်ပြီး နှစ်စဉ်ခရီးသည် ၂ ဒဿမ ၈ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။