ဒီနေ့မေလ(၂၁) ရက်နေ့ကနေ (၂၅)ရက်အတွင်းကမ္ဘာလုံးဆိုင်ရာ Chevron ကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်သွားမယ်လို့ မန္တလေးသပိတ်အင်အားစုကထုတ်ပြန်ထားပါတယ်။Chevron ကုမ္ပဏီ က MOGEကို ပေးချေနေတဲ့ ငွေနဲ့ မြန်မာပြည်သူတွေ နေ့စဉ် သတ်ဖြတ်ခံနေရတာ ကြောင့် စစ်အုပ်စုထံ ငွေပေးချေမှုတွေ ရပ်တန့်ပေးဖို့အွန်လိုင်းကန်ပိန်း ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
“Chevron – STOP bankrolling the junta! The junta kills with your money!Keep gas payments in escrow accounts!စစ်အုပ်စုကို ငွေလွှဲတာ ချက်ချင်းရပ်။ သင့်အခွန်ငွေနဲ့ ပြည်သူတွေ အသတ်ခံနေရတယ်။ဓါတ်ငွေ့ခွန်တွေကို ထိန်းချုပ်ထားတဲ့ အကောင့်ထဲမှာသိမ်းဆည်းပါ။
” အဆိုပါစာသားတွေနဲ့ အတူ လက်သုံးချောင်းထောင် သင်္ကေတနဲ့ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာ Facebook, Twitter အကောင့်များတွင်တင်ပြီး Blood Money – သွေးစွန်းငွေ Facebook Page ကို ဆန္ဒပြဓာတ်ပုံများပေးပို့တာတွေကပြုလုပ်ဖို့လှုံဆော်သွားမယ်လို့ဆိုပါတယ်။