စစ်ကိုင်းတိုင်းအတွင်းမှာ ကြားကာလပညာသင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၃၀၀ကျော်ထိရှိလာ

စစ်ကိုင်းတိုင်းအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ကြားကာလပညသင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၃၀၀ကျော်ထိ ရှိလာပြီဖြစ်တယ်လို့ သခင်ပညာရေးဦးဆောင်အဖွဲ့တွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်ပွားနေချိန်အတွင်း ကျောင်းသား ကျောင်းသူတွေ စာသင်ခန်းတွေထဲ ပြန်ရောက်ဖို့ ၂နှစ်ကျော်ကြာ ကင်းကွာနေတဲ့ ပညာရေးကို ပြန်လည်တည်ဆောက်ဖို့ သခင်ပညာရေးစာသင်ကျောင်းပေါင်း ၃၀၀ကျော်ကို ဖွင့်လှစ်ထားနိုင်ပြီဖြစ်ကာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားဦးရေ တစ်သိန်းကျော်ထိ ရှိနေတယ်လို့ သခင်ပညာရေးဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သခင်ပညာရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဦးဆောင်မှုနဲ့ ပညာရေးဘုတ်အဖွဲ့တွေ ဖွဲ့စည်းပြီး NUG ပညာရေးဝန်ကြီးဌာနက ချမျတ်ထားတဲ့ ကြားကာလပညာရေးသင်ရိုးညွှန်းတန်းတွေနဲ့ သင်ကြားပေးနေတာပါ။
CDM ဆရာ၊ဆရာမတွေနဲ့ စေတနာဝန်ထမ်းတွေစုပေါင်းပြီးတော့ သင်ကြားပေးနေတဲ့ သခင်ပညာရေးကျောင်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လုံခြုံရေးအတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။