ဒီနေ့မနက်၅နာရီလောက်မှာ စစ်ကိုင်းမြို့နယ် သလွန်ဖြူရွာကို အကြမ်းဖက်စစ်တပ်ရောက်ရှိလာပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်းသိရပါတယ်။
လတ်တလောသတင်းတေွအရ သံပန်းလုပ်ငန်းလုပ်ကိုင်သူတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းနွေဦး တော်လှန်ရေးစာမျက်နှာစစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
‘အခုအချိန်ထိတော့ သတင်းစောင့်နေရတုန်းပဲ။တစ်အိမ်တက်ဆင်း ရှာ ဖွေတာတွေရှိတယ်လို့လည်း ကြား နေရတယ်။ရွာသားဘယ်နှဉီးဖမ်းသွားသလဲဆိုတာ မသိရသေးဘူး’လို့ စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။
မေလ ၁၈ ရက်၊ မနက် ၆နာရီကျော်ကလည်း စစ်ကိုင်းမြို့နယ်၊ ငါ့တရော်ကျေးရွာ က အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး တစ်အိမ်တက်ဆင်း မေးမြန်းရှာဖွေတာတွေလုပ်ခဲ့တဲ့ အပြင် ရွာအနီးက တဲတချို့ကို မီးရှို့ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
ငါ့တရောရွာသား တချို့လည်း ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။