ချောင်းဦးမှာ ကင်းပုန်းချဖို့ ထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၅ဦးသေ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကင်းပုန်းချဖို့ အန်စာတုံးကားတစ်စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ ၁၇ရက်နေ့ မနက် ၁၀နာရီ၄၅မိနစ်လောက်မှာ အန်စာတုံးကားတစ်စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုကို နတ်ရေကန်ကျေးရွာနဲ့ ငါးရှန်ကျေးရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြောင် အမျိုးသမီးစစ်သည်တော်တပ်ရင်း M2wက ထုတ်လုပ်ထားတဲ့ မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် ဒီကနေ မနက် ၅နာရီက ဂွေးပင်တောလမ်းပိုင်းတစ်နေရာမှာ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်အုပ်စုက ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် တိမ်းရှောင်ခဲ့ရပြီး တတောင့်ထိုး သေနတ်တစ်လက်၊ ဖုန်း ၂လုံး၊ ဘက်ထရီအိုး ၂လုံး၊ ဝိုင်ယာကြိုးခွေတွေ ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။