ဒီနေ့မေလ ၁၇ရက်နေ့မှာ ”နိုင်ငံသစ်ကိုရဲရဲတည်ဆောက်ကြ”စာသားကိုင်ပြီး စစ်ကိုင်းတိုင်း လက်ပံတောင်း တောင်ဒေသက ပြည်သူတွေ အကြမ်းဖက်စစ်အုပ်စုဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့တယ်လို့ လက်ပံတောင်း တောင် ပင်မသပိတ်စစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းက ပြည်သူတွေဟာ ဆားလင်းကြီးမြို့နယ်က ကျေးရွာတစ်ရွာ မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။