ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊ဆောင်နန်းခဲရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
မနေ့က ညနေပိုင်းမှာ စစ်တပ်နဲ့ PNOပြည်သူ့စစ်တို့ကတစ်ရွာလုံးနီးပါးကိုမီးရှို့ခဲ့ခြင်းဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေဘေးလွတ်ရာကို ပုန်းရှောင်ကြဖို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊စစ်ဒေသ(၃) ၊တပ်ရင်း(၁၀၀၈)က ဒီကနေ့ထုတ်ပြန်ပါတယ်။
မေ၁၆ရက်နေ့မနက်ပိုင်းက မိုးဗြဲ ဆည်၊ ဆီမီးလော့ရွာ အနီးမှာ ပြည်သူကာကွယ်ရေးတပ်တွေနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး
ပြည်သူကာကွယ်ရေးတပ်တွေထိခိုက်မှုမရှိ ခဲ့ပါဘူး။စစတပ်ဘက်က သေဆုံးဒဏ်ရာရအခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံအရှေ့ကမ်းဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မေ၁၄ရက်နဲ့ ၁၅ရက်နေ့တို့မှာ တိုက်ပွဲပြင်းထန်ထဲ့ရာ စစ်သား၈ဦးသေဆုံးကာ စစ်ဒေသ(၃)၊တပ်ရင်း(၁၀၀၈)စခန်းမှူးကျဆုံးခဲ့တယ်လို့ သိရပါတယ်။