အမေရိကန် ဒုသမ္မတနဲ့ ထိပ်တန်းအရာရှိဖွဲ့ ယူအေအီးကိုရောက်လာ

Photo – AP

အမေရိကန် ဒုသမ္မတ Kamala Harris ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့မှာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) ကို လေကြောင်းခရီးနဲ့ ရောက်ရှိလာပါတယ်‌။

 အမေရိကန်အဖွဲ့ဟာ ကွယ်လွန်သွားတဲ့ ယူအေအီးသမ္မတ ရှိတ်ခါလီဖာကို  ဂါဝရပြုဖို့နဲ့ အသစ်တက်လာမယ့် သမ္မတနဲ့ တွေ့ဆုံဖို့ ဒီခရီးစဉ်ဆိုက်ရောက်လာတာ ဖြစ်ပါတယ်။

အဲ့ဒီ ခရီးစဉ်ဟာ ရေနံကြွယ်ဝတဲ့ အဘူဒါဘီကို သမ္မတဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအရာရှိတွေသွားရောက်တဲ့ အဆင့်အမြင့်ဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ 

ကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ကာကွယ်ရေးဝန်ကြီး Lloyd Austin၊ CIA ညွှန်ကြားရေးမှူး William Burns နဲ့ ရာသီဥတုဆိုင်ရာ ကိုယ်စားလှယ် John Kerry တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က သမ္မတ ရှိတ်ခါလီဖာ ကွယ်လွန်ပြီးနောက် ယူကအေအီးသမ္မတသစ်အဖြစ် သူနဲ့ညီအကိုဝမ်းကွဲတော်စပ်သူ အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al Nahyan က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။