မော်လမြိုင်ဈေးကြိုက စစ်တပ်လုံခြုံရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်အတွင်းရှိ အကြမ်းဖက်စစ်တပ် လုံခြုံရေးယူထားတဲ့ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်နေ့ ည ၇ နာရီမှာ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဈေးကြိုရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် (၄) တည်းခိုရေးစခန်းရှေ့ စစ်တပ်လုံခြုံရေးယူထားတဲ့ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိခိုက်စာရင်းကို မသိရသေးဘူးလို့ မော်လမြိုင် ပကဖ ကထုတ်ပြန်ပါတယ်။
ဖောက်ခွဲခံရပြီးနောက် စစ်သားတွေ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ အန္တရာယ်ကင်းရာကို ရောက်ရှိပြီးဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုဟာ နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။