ရုရှားသမ္မတပူတင်ဟာ ရေရှည်စစ်ပွဲ ပြင်ဆင်နေကြောင်း အမေရိကန်ထောက်လှမ်းရေးပြော

Photo – AFP

ပဋိပက္ခတွေ အဆုံးမသတ်နိုင်သေးတဲ့ ယူကရိန်းအရှေ့ဘက်မှာ အောင်ပွဲခံနေပေမယ့်  ဗလာဒီမာပူတင်ဟာ ယူကရိန်းမှည ရေရှည်စစ်ပွဲတစ်ခု  ပြင်ဆင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးက သတိပေးလိုက်ပါတယ်။

ရုရှားက နယ်မြေသိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် အခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။

ရုရှားအတွက် တကယ့် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ယူဆရင် သမ္မတပူတင်ဟာ မော်စကိုက နျူကလီးယား လက်နက်ကို အသုံးပြုသွားလိမ့်မယ်လို့လည်း အဲဒီပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ဖို့ ရည်မှန်းချက် မအောင်မြင်ခဲ့ပြီးနောက်  အရှေ့ပိုင်းမှာရှိတဲ့ ဒွန်ဘတ်ဒေသကို ထိန်းချုပ်ရေး အင်အားသုံး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မော်စကိုရဲ့တပ်တွေဟာ ရှေ့မတိုးနောက်မဆုတ်သာအခြေအနေမှာ  ရှိနေဆဲဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးက သုံးသပ်ပါတယ်။

သမ္မတ  ဒွန်ဘတ်စ်ထက် ကျော်လွန်တဲ့ ရည်မှန်းချက်တွေ ရယူဖို့  ကြံရွယ်နေပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်တွေနဲ့ ရုရှားရဲ့စစ်ရေးစွမ်းရည်တွေအကြား မကိုက်ညီတာတွေကို ရင်ဆိုင်နေရပါတယ်လို့ အမေရိကန်အထက်လွှတ်တော်ကော်မတီကြားနာပွဲမှာ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ Avril Haines က ပြောဆိုထားပါတယ်။

ရုရှားသမ္မတဟာ ငွေကြေးဖောင်းပွမှု၊ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ စွမ်းအင်စျေးနှုန်းတွေပိုမိုဆိုးရွားလာတာကြောင့် ယူကရိန်းအပေါ် အမေရိကန်နဲ့အီးယူတို့ရဲ့ ပံ့ပိုးကူညီတာတွေကို  လျော့နည်းသွားစေဖို့  အလေးထားနေရတယ်လို့လည်း သူက ဆိုပါတယ်။ 

အခုနောက်ဆုံးတိုက်ပွဲအတွင်း  အရှေ့မြောက်-ခါကိပ်ဒေသမှာ အခြေချနေထိုင်ရာနေရာလေးခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က အခိုင်အမာဆိုထားပါတယ်။