ချင်းတွင်းမြစ်ရိုးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စက်သုံးဆီပီပါ ၇ လုံး သိမ်းဆည်းလိုက်ကြောင်း (DBTF) ပြော

စစ်ကိုင်းတိုင်း ချင်းတွင်မြစ်ရိုးမှာ မနေ့က မေလ ၁၀ ရက်နေ့က စစ်အုပ်စု စက်သုံးဆီ တင်ဆောင်လာတဲ့ အမြန်ရေယာဉ် ၄ စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေဖမ်းဆီးပြီး ယာဉ်ပေါ်ပါတဲ့သူတွေကိုခံဝန် ထိုး ပြန်လွှတ်ပေး ပြီး စက်သုံးဆီပီပါ ၇ လုံးသိမ်းဆည်းခဲ့တယ်လို့ နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF)သတင်းထုတ်ပြန် လိုက်ပါတယ်၊
ချင်းတွင်မြစ်ရိုးတစ်လျှောက်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွာက်နေစဉ် မုံရွာမြို့မှ ဟုမ္မလင်းမြို့ကို ထွက်ခွာတဲ့ ကုန်တင် အမြန်ရေယာဉ် ၄ စင်းပေါ်တွင် အကြမ်းဖက် စစ်အုပ်စု စက်သုံးဆီ တင်ဆောင်လာတာကိုသိမ်းဆည်းခဲ့တာပါ။
အမြန်ရေယာဉ် ၄ စီးမှာ စက်သုံးဆီ ဓာတ်ဆီပေပါ ၃ လုံးနှင့် ဒီဇယ် ပေပါ ၄ လုံးကို တင်ဆောင်လာတာကို နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF)၊ Yoma Fighter (Yinmarbin PDF)၊ Kani People Defense Force (KLG)၊ Spring Guerilla Platoon (နွေဦးပျောက်ကြားတပ်စု)၊ ဒေါင်းလုလင် (LPDF)၊ ဗိုလ်မီးတောက် မဟာမိတ် တပ်ပေါင်းစုတို့ကပူးပေါင်း ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
ကုန်တင် အမြန်ယာဉ် ၄ စီးမှ တာဝန်ရှိသူတွေကို နောက်နောင်ထိုကဲ့သို့ အကြမ်းဖက်စစ်အုပ်စု ပစ္စည်းများ တင်ဆောင်ခြင်းမပြုလုပ်ဖို့ ခံဝန်ကတိ ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။