စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ပျူစောထီးသင်တန်းပေးနေတဲ့ ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ပုလဲပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီအစ်ကိုများ တပ်ပေါင်းစုက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက Mi 35လေယာဉ်တွေနဲ့ပါ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၁၀ရက်နေ့ နေ့လယ် ၁၂နာရီလောက်မှာ ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းသိမ်းခါနီးအချိန်မှာ စစ်အုပ်စုက Mi 35 လေယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ စခန်းကို မသိမ်းပိုက်နိုင်ခဲ့ပေမယ့် ပျူစောထီးအများအပြား သေဆုံးခဲ့ပြီး မဟာမိတ်ညီအစ်ကိုများ တပ်ပေါင်းစုကတော့ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။