သီရိလင်္ကာ ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်

Photo – AFP

သီရိလင်္ကာနိုင်ငံမှာ လူငါးဦးသေဆုံးပြီး ၂၀၀ နီးပါးဒဏ်ရာရရှိခဲ့တဲ့ နိုင်ငံရေးအကြမ်းဖက်မှုဖြစ်စဉ်အပြီး ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ဆာ ဟာ မေလ ၉ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။

သေဆုံးသူတွေထဲမှာ အာဏာရပါတီမှ လွှတ်တော်အမတ် Amarakeerthi Athukorala လည်း ပါဝင်ပါတယ်။ သူဟာ လူနှစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ကိုလံဘိုမြို့အပြင်ဘက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြလူအုပ် အဝိုင်းခံခဲ့ရပြီး သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် တောင်ပိုင်း Weeraketiya မြို့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အမည်မသိ တခြားအာဏာရပါတီရဲ့ နိုင်ငံရေးသမားတစ်ဦးက ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

သီရိလင်္ကာနိုင်ငံဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းအဖြစ် စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေရဲ့ သေရေးရှင်ရေးတမျှပြတ်လပ်မှုတွေအပါအဝင် သတင်းအမှောင်ချခံရတာတွေကို လပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီပြဿနာတွေက သမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆာနဲ့ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်တို့အပေါ် ဆန့်ကျင်တဲ့ တခဲနက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အစပျိုးပေးခဲ့တာပါဖြစ်ပါတယ်။ 

အမေရိကန် သံအမတ်ကြီး Julie Chung က ” ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေကို ဝါရှင်တန်က ရှုတ်ချပြီး အကြမ်းဖက်မှု လှုံ့ဆော်သူ ဘယ်သူ့ကိုမဆို ဖမ်းဆီး အရေးယူခြင်း အပါအဝင် စုံစမ်းစစ်ဆေးမှု အပြည့်အစုံ လုပ်ဆောင်ဖို့ အစိုးရကို တောင်းဆိုခဲ့တယ်” လို့ တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။