မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာတွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ရေလယ်ကျွန်းဒေသ၊ မဲကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်တပ်ကို ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းက တပ်ရင်းမှူး ဦးဆောင်ကာ MG6 ပြောက်ကျားတပ်နဲ့အတူ မိနစ် ၄၀ ကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ ရေလယ်ကျွန်းဒေသကိုစစ်ကြောင်းထိုးလာပြီး ဖြုံဘူးရွာ၊ မိဖုရားရွာ၊ မဲကုန်းရွာနဲ့ ဘိုကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ရေလယ်ကျွန်းအခြေစိုက် သိန်းဌက် ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
မဲကုန်းရွာတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ပုံစာ-မဲကုန်းရွာကို စစ်တပ်မီးရှို့နေစဉ်