အာဏာသိမ်းပြီးနောက် ပြည်သူ ၁သန်း ကျော်နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဆို

အာဏာသိမ်းပြီးနောက် ပြည်သူ ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ပြည်သူ ၂၉၆၁ ဦး ကိုစစ်အုပ်စု က သတ်ဖြတ်ပြီး နေအိမ် ၁၃၂၆၆ လုံးကိုမီးရှို့ ဖျက်ဆီးခဲ့တယ်လို့ Media Monitor Collective က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ကျေးရွာပေါင်း ၃၄၇ ရွာ မြို့နယ်ပေါင်း၈၀ မှ ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးခဲ့ပြီး ကျေးရွာတွေကို ဝင်ရောက် စီးနင်းခဲ့တာကြောင့် ပြည်သူ ၁သန်းကျော် အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာတွေကို ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ဆိုပါတယ်။
ဒါ့အပြင်ကျေးရွာတွေကို ရမ်းကား ပစ်ခတ်တာကြောင့် ပြည်သူ ၉၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအကြောင်းမဲ့ ဖမ်းဆီးခဲ့တဲ့ ပြည်သူ ၁သောင်းကျော်ရှိကာ လူသားဒိုင်း အဖြစ် ပြုလုပ်ခဲ့တဲ့ ပြည်သူ ၇၆၉ ဦးထိရှိတယ်လို့ Media Monitor Collective မှ ထုတ်ပြန်ထားပါတယ်။