တွေ့ဆုံဆွေးနွေးအဖြေရှာရမယ့်ပုံစံ တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ ထုတ်ပြန်

လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး ဘယ်လိုတွေ့ဆုံဆွေးနွေးအဖြေရှာရမလဲဆိုတာကို တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး မေလ ၉ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ( KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့က ပူးတွဲကြေငြာချက်ထုတ်ပြန်ကာ တုံ့ပြန်ခဲ့တာပါ။
လက်ရှိနိုင်ငံရေးအကျပ်အတည်းကို အဖြေရှာမယ်ဆိုပါက လက်ရှိထိုးစစ်ဆင်နေတာကို အမြန်ဆုံးရပ်ပြီး ပါဝင်သင့်သူတွေအားလုံးပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ဖို့အပြင် နိုင်ငံတကာ လူမှုအဖွဲ့တွေက စစ်ဘေးသင့်ပြည်သူတွေကို လွတ်လပ်စွာကူညီထောက်ပံ့မှု ဆောလျင်စွာဖိတ်ခေါ် ခွင့်ပြုသွားဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင်ကုလသမဂ္ဂနဲ့နိုင်ငံတကာအသိုင်းအဝိုင်းတို့ကကြားဝင်စေ့စပ်ပေးပြီး မျှတတဲ့တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းအမှန်ကနေ တစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက် သွားနိုင်မယ်လို့လည်း သဘောထားထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာရေးဟာ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေက အစဉ်တစိုက်တောင်းဆိုခဲ့တဲ့တေင်းဆိုချက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို မေ၉ရက် နောက်ဆုံးထား အကြောင်းပြန်ဖို့ ပြောကြားထားပြီး အပစ်ရပ်၅ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နဲ့ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) တို့ တက်ရောက်ကြပါမယ်။