မင်းအောင်လှိုင်ဖိတ်တဲ့ ငြိမ်းချမ်းရေး ABSDF မတက်ဘူးလို့ ငြင်း

အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ABSDF (ကျောင်းသားတပ်မတော်) က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်လှမ်းချက်ဟာ အားလုံးပါဝင်တဲ့ တန်းတူရည်တူ ဆွေးနွေးအဖြေရှာဖို့ ပြည့်စုံလုံလောက်တဲ့ အခင်းအကျင်းမရှိတဲ့အတွက် ABSDF အနေနဲ့ တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်ပြီး တန်းတူရည်တူဆွေးနွေးနိုင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုး ပေါ်ပေါက်လာဖို့လိုအပ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ် ၅ ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) တို့ တက်ရောက်ကြပါမယ်။