ကရင်နီတော်လှန်ရေးတပ်တွေ ခေတ်မီလက်နက်တပ်ဆင်လာနိုင်ပြီး ပိုအားကောင်းလာ

ကရင်နီတော်လှန်ရေးတပ်တွေဟာ ပွဲဦးထွက်ကာလမှာ တူမီးနဲ့ လက်လုပ် သေနတ်တွေသာ ကိုင်တွယ်တိုက်ခိုက်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ တိုက်ပွဲဝင် ရိုင်ဖယ်၊ စက်သေနတ်၊ စနိုက်ပါ စတဲ့ ခေတ်မီ လက်နက်တွေကိုပါ တပ်ဆင်လာနိုင်ပြီး ပိုမိုအားကောင်းလာတယ်လို့ သိရပါတယ်။
တိုက်ပွဲ ဖြစ်စဉ်တွေကိုပြန်ကြည့်ရင် နှစ်ဖက်ထိပ်တိုက်တိုက်ခိုက်မှုတွေအပြင် ကရင်နီတော်လှန်ရေးတပ်တွေက စစ်အုပ်စုရဲ့ မြို့ပေါ်အခြေစိုက် တပ်မဌာနချုပ်စခန်းနဲ့ ရဲစခန်းတွေအပြင် တပ်စွဲထားတဲ့တောင်ကုန်းတွေပါ တိုက်ခိုက်ခဲ့တယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်း ကရင်နီဒေသထဲမှာ ကရင်နီ တပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ အပါအဝင် ကရင်နီတော်လှန်ရေးတပ် အနည်းဆုံး ၁၀ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်တွေကြား တိုက်ပွဲဖြစ်ပွားတဲ့ အကြိမ်ရေ ၂၄၇ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ ရက်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက် က တိုက်လေယာဉ်တွေကို အသုံးပြုတိုက်ခိုက်ခဲ့တာ အနည်းဆုံး ၁၂၃ ကြိမ် ရှိခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုထဲမှာ Helicopter gunship တွေနဲ့ ပစ်ခတ်တာတွေ ပါဝင်သလို ဖျက်အားပြင်း ဗုံးကြီးတွေ ကြဲချပြီး တိုက်ခိုက်တာတွေလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။
ဒီးမော့ဆိုမြို့နယ်ဟာ လေကြောင်း တိုက်ခိုက်မှု အများဆုံးခံခဲ့ရပြီး စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၉၅ကြိမ် ထက်မနည်း ရှိခဲ့ ပါတယ်။
ပုံစာ-တိုက်ပွဲဝင် KNDF ရဲဘော်တစ်ဦး