ဝမ်းတွင်းကနေ မိတ္ထီလာဘက်အထွက် စစ်ဆေးရေးဂိတ်ကိုမိုင်းခွဲ၊ ၂ ဦးသေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မိတ္ထီလာဘက်အထွက်ကားလမ်းပေါ် လုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ် ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။
ဒီနေ့နေ့ခင်း ၁၂ နာရီခွဲလောက်မှာ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (WTRF) က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ရဲ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ WTRF က ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်ရဲတွေ စောင့်ကြပ်နေတာပါ။
မေလ ၆ ရက်နေ့တုန်းကလည်း ဝမ်းတွင်းမြို့၊ လျှပ်စစ်ရုံးဝန်ထမ်းအိမ်ယာကို WTRF က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။