မင်းအောင်လှိုင် မတရားယူထားတဲ့ အင်းလျားလမ်းအိမ် အစုရှယ်ယာ ရောင်းချရမှု ဒေါ်လာတစ်သန်းပြည့်ပြီ

မင်းအောင်လှိုင် မတရားရယူထားတဲ့အိမ် အစုရှယ်ယာ ရောင်းချရမှုဟာ ၄၈ နာရီမပြည့်သေးခင်မှာ ဒေါ်လာ တစ်သန်းပြည့်သွားပြီလို့ သိရပါတယ်။
ရန်ကုန်မြို့ ၁၄ အင်းလျားလမ်း အိမ်နဲ့ခြံကို စတင်ရောင်းချတာ ၄၈ နာရီမပြည့်သေးခင်မှာပဲ ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့တာကိုကြည့်ရင် တော်လှန်ပြည်သူတွေရဲ့ စိတ်ခွန်အားနဲ့ ပြင်းပြတဲ့အာသီသကို ဖော်ညွှန်းထင်ဟပ်စေပါတယ်လို့ NUG အစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြန်ပါတယ်။
လက်ကျန်အစုရှယ်ယာ ကိုးသောင်းသာ ကျန်ရှိတော့တဲ့အတွက် သတ်မှတ်ထားတဲ့ အချိန်တိုအတွင်းမှာ ဒေါ်လာ ၁၀ သန်းပြည့်မီစေဖို့ အရေးတော်ပုံအောင်စိတ်နဲ့ ဆက်လက်ဝယ်ယူအားပေးကြဖို့လည်း တိုက်တွန်းပါတယ်။
အာဏာရှင်အဆက်ဆက် အာဏာငမ်းဖမ်းခဲ့တဲ့ နောက်ကွယ်က တစ်ခုတည်းသော အကြောင်းရင်းက အာဏာကြောင့်ရရှိလာတဲ့ ကိုယ်ကျိုးစီးပွား၊ စည်းစိမ်ဥစ္စာပဲဖြစ်ကြောင်း
နွေဦးတော်လှန်ရေးကနေ အာဏာရှင်တွေကို ပေးရမယ့်
သင်ခန်းစာက ရှေ့လျှောက်အာဏာငမ်းဖမ်းရဲသူတွေရဲ့ ရလဒ်က ရှိရင်းစွဲစည်းစိမ်ဥစ္စာတောင် ဆုံးရှုံးရလိမ့်မယ်ဆိုတဲ့ အချက်ပဲဖြစ်ကြောင်းလည်း အာဏာရှင် အဆုံးသတ်နိဂုံး- The End of Dictatorship (EOD) ဖော်ပြထားပါတယ်။
အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) ပရိုဂရမ်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့ ၁၄ အင်းလျား အိမ်နဲ့ခြံကို ရှယ်ယာတစ်စုကိုအမေရိကန်ဒေါ်လာ ၁၀၀ နဲ့ ကြိုတင်ရောင်းချနေတာပါ။