ဝင်မနားရဲစခန်းကို စစ်အုပ်စုစွန့်ခွာထွက်ပြေးပြီးနောက် PDFတွေနယ်မြေရှင်းလင်း


ဓာတ်ပုံ- Myanmar Defense Force
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာရှိတဲ့ ဝင်မနားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အုပ်စုက စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ Myanmar Defense Forceက သတင်းထုတ်ပြန်လိုက်ပါတယ်။
မေလ ၄ရက်နေ့ မနက် ၇နာရီလောက်က ဝင်မနားစခန်းကို MDF – PDF၊ KPDFနဲ့ မဟာမိတ် PDF တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး ၂ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
စစ်အုပ်စုက စခန်းစွန့်ခွာထွက်ပြေးပြီးနောက် သူတို့ ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်း ၅လုံးပေါက်ကွဲခဲ့ပြီး နယ်မြေရှင်းလင်းရေး မလုပ်မီ စခန်းအတွင်းကို ဝင်ရောက်ခဲ့တဲ့ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ဝင်မနားစခန်းကို နောက်အကြိမ် ပြန်လည်အသုံးပြုလို့ မရရှိတော့အောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။