စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသေအပျောက်များ နိုင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းကနေ မြင်းမူမြို့နယ်ထီးဆောင်းဘက်သွားတဲ့ အကြမ်းဖက်စစ်ကား၂စီးကို မြင်းမူမြို့နယ်၊ကန်းဖျားဇရပ်နဲ့ ထီးဆောင်းကြားမှာ ဒီနေ့မနက် ၉နာရီမိနစ်၄၀လောက်က တော်လှန်ရေးအင်အားစုတွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
စစ်ကားတစ်စီးတည့်တည့် မိုင်းထိမှန်ခဲ့တဲ့အတွက် စစ်သားအသေအပျောက်များနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို Moe Nyo Revolution Force(MNRF)၊
Pantagram(ငါးထောင့်ကြယ်)နဲ့
Sagaing Special Operation Force (SSOF)မဟာမိတ်ညီနောင်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။