ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ၅နယ်မြေမှာ တစ်လတာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် တပ်ရင်းမှူးအပါအဝင် ၁၇၀ကျော်သေဆုံးခဲ့ကြောင်းသိရပါတယ်။
ကေအဲန်ယူ တပ်မဟာ၅နယ်မြေမှာ ဧပြီလအတွင်း KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)နဲ့ အကြမ်းဖက်စစ်တပ်နဲ့ခါးပိုက်ဆောင် နယ်ခြားစောင့်တပ်တို့ကြား ထိတွေ့တိုက်ပွဲ၃၈၃ကြိမ် ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်အုပ်စုဝင် ၁၇၃ဦး သေဆုံးကာ ၈၇ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ အကြမ်းဖက်စစ်တပ် သေဆုံးမှုစာရင်းထဲမှာ တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီး၂ဦးနဲ့ တပ်ကြပ်တစ်ဦးပါဝင်ကြောင်းအတည်ပြုနိုင်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ် ကထုတ်ပြန်ပါတယ်။
KNLAဘက်က စစ်သည်၃ဦး ကျဆုံးခဲ့ကာ ၁၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဧပြီတစ်လတာအတွင်း အကြမ်းဖက်စစ်တပ်က ထောက်ပို့အတွက်အသုံးပြုတဲ့တံတား၃စင်း၊ ထောက်ပို့မော်တော်ယာဉ်၄စီးနဲ့လက်နက်သိုလှောင်ရုံ ၂လုံးတို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ဧပြီလအတွင်း အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ဗုံး၇လုံးလာရောက်ကြဲချပြီး အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာကျေးရွာတွေနဲ့ လယ်ယာ၊ ဥယာဉ်ခြံမြေထဲ အမြောက်လက်နက်ကြီး၆၁၄လုံးကို ရည်ရွယ်ပစ်ခတ်ခဲ့ကြောင်းလည်းထုတ်ပြန်ပါတယ်။