တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ နေထိုင်တဲ့ ကြံ့ဖွံ့ပါတီဝင် ဦးဟန်မောင်မောင်ရဲ့ နေအိမ်အတွင်းမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၅ ရက်နေ့ မနက် ၈ နာရီ ၃၀ မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု ရှိမရှိကိုတော့ မသိရှိရသေးပါဘူး။
ဦးဟန်မောင်မောင်ဟာ ကံပေါက်ဒေသ ကြံ့ဖွံ့ပါတီရဲ့ အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ကံပေါက်နဲ့ အနီးဝန်းကျင်ကကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကို ဦးဆောင်ကျင်းပနေသူတစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုအပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ရောက်ရှိလာပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။