အော်ရီဒူးကားနဲ့ ဆီပေပါတွေကို ဖမ်းဆီးပြီး ဝန်ထမ်းတွေကို ပြန်လွှတ်

စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်း ၅ မိုင်ဂိတ်အနီးမှာ အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီကားနဲ့ ဆီပေပါ တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ဝန်ထမ်းတွေကို အန္တရာယ်လုံးဝမပြုဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ချိုမိုင်မိုင် ယင်းမာပင်-ကနီတပ်ပေါင်းစုနဲ့ အမိမြေတော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး အော်ရီဒူး ဆက်သွယ် ရေးကုမ္ပဏီကားနဲ့ ဆီဂါလံ ၁၅၀ လောက်ကို ဖမ်းဆီးထားခဲ့ပြီး မေ ၅ ရက်နေ့ကစလို့ တစ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း ဝန်ဆောင်မှု အပြည့်အဝပြန်ပေးပါက ကားနဲ့ဆီ ပြန်ပေးမယ်လို့ ချိုမိုင်မိုင်က သတင်းထုတ်ပြန်ထားပါတယ်။
အခုလို ဖမ်းဆီးရခြင်းမှာ လမ်းပိုင်းအသုံးပြုမှု ပိတ်ထားတဲ့ကြားက သွားလာခြင်း၊ စစ်အုပ်စုခိုင်းတဲ့အတိုင်း နိုင်ငံ တစ်ဝန်း ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းစတဲ့ အကြောင်းတွေကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ချက်ကို ဒီကနေ့ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကားနဲ့ဆီဖမ်းဆီးခဲ့တဲ့နေ့ကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။