ချင်းတွင်းမြစ်ဆန် အကြမ်းဖက်တပ် အမြန်ယာဉ် အတိုက်ခံရ

ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်အမြန်ယာဉ်ကို တော်လှန်ရေးအင်အားစုတွေပူးပေါင်းတိုက်စစ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဆန်တက်လာတဲ့ အမြန်ယာဉ်ပေါ်မှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး စုစုပေါင်းအင်အား ၅၀ လောက်နဲ့အတူ ရိက္ခာတွေပါ တင်ဆောင်လာခြင်းဖြစ်ပြီး Salingyi G-Z Local PDF ၊ One Star Task Force ၊မြန်မာချေဂွေဗားရားနဲ့ တခြားမဟာမိတ်တွေဒီကနေ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Salingyi G-Z Local PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
တိုက်စစ်ကို အားရကျေနပ်မှုရှိပေမဲ့ အသေအပျောက်စာရင်းကို အတိအကျမသိရသေးဘူးလို့ သိရပါတယ်။
ဒီကနေ့မှာ မြစ်ရိုးတစ်လျှောက် စစ်သုံးရဟတ်ယာဉ်တွေ ခေါက်တုံ့ခေါက်ပြန် ကူးနေတာကို ကြည့်လိုက်ရင် အထိနာသွားမှန်းသိနိုင်တယ်လို့ ဆိုပါတယ်။
ဆားလင်းကြီး အခြေစိုက် PDF ရဲဘော်တစ်ဦးက ‘လေကြောင်းကနေ ကူပေးရတဲ့အဆင့်ဆို အဲဒါစစ်ခွေးတွေ အထိနာလို့ဆိုတာ သေချာတယ်’ လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ညီနောင်ရဲဘော်တစ်ဦး ၄၀(မမ) ဗုံးဆန်ထိမှန်ခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။