တွံတေးမြို့မှာ စစ်အုပ်စု သတင်းပေးဆိုသူ တစ်ဦး အပစ်ခံရ

ရန်ကုန်တိုင်း တွံတေးမြို့ ကမ်းနားနာရီစင်အနီးမှာ အကြမ်းဖက် စစ်အုပ်စုကို သတင်းပေးနေသူလို့ဆိုတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ မြဂိုးကျေးရွာက စစ်အုပ်စုသတင်းပေး ခေါင်းဆောင်လို့ အမည်ထွက်နေတဲ့ ကိုမြဦးကို အမည်မသိ သေနတ်သမားတစ်ဦးက ကမ်းနား နာရီစင်အနီးမှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သေနတ်သံ ၄ ချက်ကြားလိုက်ရတယ် ရဲစခန်းနားတင်ပဲမို့ ရဲတွေချက်ခြင်းရောက်လာပြီး ပိတ်စစ်နေတယ်၊ ဟိုလူကတော့ ဦးခေါင်းပါ ပွင့်ထွက်သွားတယ်လို့ ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက တွံတေးမြို့အတွင်း ပိတ်ဆို့စစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။