စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်းက ရှားဖိုရွာလူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။
မေ၃ရက်နေ့၊ မြေပြင်တိုက်ပွဲမှာ အကျအဆုံးများလာတဲ့ အကြမ်းဖက်တပ်ဟာ ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေက ပစ်ချနိုင်ခဲ့ပါတယ်။
အဲဒီနောက်ညနေ (၃) နာရီလောက် မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်စစ်ကြောင်းက တရစပ်တိုးဝင် ချဉ်းကပ်ပစ်ခတ်လာမှုတို့ကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ညနေ (၄) နာရီလောက်မှာ ဆုတ်ခွာခဲ့ရတယ်လို့ Chinland Defense Force- Kalay Kabaw Gangaw(CDF-KKG)ကထုတ်ပြန်ပါတယ်။
ညနေ၅ နာရီလောက်မှာအကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတို့ ရှားဖိုရွာထဲဝင်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
အကြမ်းဖက်စစ်တပ်ဟာ မေ၂ ရက်နေ့ မနက်ပိုင်းမှာ အောင်မင်္ဂလာရွာဘက်ကနေ အင်အားရာဂဏန်းနဲ့ ရှားဖိုရွာဘက်စစ်ကြောင်းထိုးလာရာ ဒေသခံပူးပေါင်းတပ်ဖွဲ့နဲ့ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ ပြီးအကြမ်းဖက်စစ်သား ၅ဦးထက်မနည်းသေဆုံးခဲ့တဲ့အပြင် ပူးပေါင်းတပ်ဖွဲ့က လက်နက်၄လက်သိမ်းဆည်းရမိခဲ့ပါတယ်။
မနေ့ကတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။