စစ်အုပ်စုနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ ယာယီသမ္မတပြော

အာဏာရှင် စစ်အုပ်စုနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။
ဆက်လက်ပြီး ယာယီသမ္မတက ပြည်သူတစ်ရပ်လုံး ပြင်း ပြင်းထန်ထန် ကန့်ကွက်နေတဲ့ စစ်အုပ်စု ဖော်ဆောင်မယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ထဲ လုံးဝမပါဝင်ဖို့ အရေးကြီးကြောင်းပြောကြားခဲ့သလို နှစ် ၇၀ ကျော်ကြာ အတွေ့အကြုံတွေကို သတိရလျက် အချိန်တိုအတွင်း ကမ်းလှမ်းမျှဝေတဲ့ ကတိကဝတ်တွေကို အထူးသတိထား ရှောင်ရှားကြဖို့လည်း ပြောပါတယ်။
NUG အစိုးရအနေနဲ့ တိုင်းပြည်ရှေ့ရေးအတွက် ရေရှည်တည်မြဲနိုင်မယ့် ကတိကဝတ်တွေ အကောင်အထည်ဖော်နိုင်ဖို့ အင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြောင်း ကတိကဝတ်တွေ လက်တွေ့အကောင်အထည်ဖော်လာနိုင်ဖို့ မဟာအတားအဆီးဖြစ်တဲ့ အာဏာရှင် စစ်အုပ်စုကို ဖယ်ရှားရမှာ ဖြစ်ကြောင်းလည်း ယာယီသမ္မတက ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား နားလည်မှုလွဲမှားခဲ့ရင် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဖြေရှင်းပေးကြဖို့ ဝန်ကြီးဌာနတွေကို တိုက်တွန်းလိုက်ပါတယ်။