မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဒုဌဝတီမြစ်ကမ်းဘေးအမြင့်ပေ (၃၀၀၀) ကျော်ရှိတဲ့ မြလိပ်တောင်ထိပ်မှာ “ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ဘယ်ကောင်နေရဲလဲ”၊ “မင်းတို့ကြောက်တဲ့ ကြွေးကြော်သံတွေ နေရာတိုင်းမှာပြန့်စေရမယ်” ၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “Myanmar Military Dictatorship Must Fail” ဆိုတဲ့စာတန်းချိတ်ဆွဲခဲ့ပါတယ်။
မြလိပ်တောင် အမြင့်ဆုံးနေရာမှာ ပေ (၃၀) ကျော်အရှည်ရှိတဲ့ အဝတ်စအနီရဲရဲပေါ်မှာ စာလုံးအဖြူများဖြင့် ရေးသားခဲ့ပြီး မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင်တွေက တက်ရောက်ချိတ်ဆွဲခဲ့ကြတာပါ။
၂၀၂၁ ဧပြီ ၁၈ ရက်နေ့မှာလည်း မြလိပ်တောင်ထိပ်တစ်နေရာမှာမန္တလေးလူငယ်တစ်စုက အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့ဖူးပြီး အခု စာတန်းချိတ်ဆွဲ ဆန္ဒပြမှုဟာဒုတိယအကြိမ်လို့ ဆိုပါတယ်။