စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ကို မိုင်းခွဲတိုက်ခိုက်မှု တောက်လျှောက်ပြုလုပ် ခဲ့ရာ ၆ဦးပွဲချင်းပြီးသေဆုံးကာ ၈ဦးလောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မေလ၂ရက်နေ့က ထီးချိုင့်မြို့နယ်၊အေးချမ်းလွင်ကနေအင်ဒေါင်းကုန်းဘက် စစ်ကြောင်းပြန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ Eagles Army-HPDF အဖွဲ့တို့ ၃နာရီလောက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Eagles Army-HPDF ကထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာအင်ဒေါင်းကုန်းကနေ အောက်ဘက်ဆင်းချိန်ပဒေသာမိုင်း၂လုံးနဲ့ ပထမအကြိမ်တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ကိုးတဲရွာအနီးတဝိုက်မှာ ပဒေသာမိုင်း၁လုံး၊ရှေ့ထွက်မိုင်း၁လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အခြားမဟာမိတ်အဖွဲ့တွေကလည်း ကိုးတဲရွာအနီးတဝိုက်မှာ မိုင်းအလုံးများစွာနဲ့တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။