မနေ့က မေလ ၂ ရက်နေ့မှာ နယ်သာလန်နိုင်ငံရောက် မြန်မာပြည်သားတိုင်းရင်းသားတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ နှစ်ပါတ်လည်အခမ်းအနားကို ဟော်လန်နွေဦးမှာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။
နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေက “ပြည်သူ့ဆန္ဒ အဓိကမို့ အမျိုးသား ညီညွတ်ရေး အစိုးရကိုသာ ထောက်ခံပြီး အာဏာရှင်ဟာ ကမ္ဘာမှာ လုံးဝ လုံးဝ မရှိရဘူး ၊ အားလုံးအတူ အဆုံးထိတိုက်ကြမယ် ဆိုပြီး အခုလိုလှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။
နယ်သာလန်ရောက်မြန်မာပြည်ဖွားတိုင်ရင်းသားတွေအနေနဲ့ မြန်မာပြည်ဒေသအသီသီးမှာ စစ်အုပ်စုရဲ့ မတရားသတ်ဖြတ်မှုတွေကို သွေးအေးမနေပဲ လိုအပ်ချက်အသီးသီးကို တတ်စွမ်းသမျှ ကူညီဝန်းရံသွားမှာမို့ ဆန္ဒထုတ်ဖော်ပွဲကို ကျူးလစ်ပန်းခင်းတွေဆီမှာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။