မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်း ကွန်ကရစ်လမ်းထိပ် စစ်ဆေးရေးဂိတ်ကို ပ.က.ဖ(မတ္တရာ)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်များနိုင်ကြောင်း သိရပါတယ်။
ဒီနေ့မနက်၂နာရီမိနစ်၂၀ကျော်က မတ္တရာမြို့နယ် ၊ဝသုန္ဒရကျေးရွာ အနီး မန်း-မိုးကုတ်လမ်းမကြီး ပေါ်ရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းစစ်ဆေးရေးဂိတ်ကို ပ.က.ဖ(မတ္တရာ)က ဝင်ရောက်စီးနင်းခဲ့ရာ တိုက်ခိုက်မှုမှာ မိနစ်၂၀လောက်ကြာခဲ့တယ်လို့ ပ.က.ဖ(မတ္တရာ)ကထုတ်ပြန်ပါတယ်။
‘ဒီနေ့မနက်ဈေးမှာ ပြောလို့သိရတယ်။စစ်ခွေးအ သေအပျောက်ကတော့ ထပ်မကြားသေးဘူး။အဲဒီသတင်းကို မြို့ပေါ်မှာ နားစွင့်နေကြတာ’လို့ မတ္တရာမြို့ပေါ် နေ အိမ်ထောင်ရှင်မတစ်ဦးကပြောပါတယ်။
နောက်ဆက်တွဲသတင်းတွေ ကို ပ.က.ဖ(မတ္တရာ)ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။