လောင်းလုံးမှာ မူးယစ်ဆေးဝါးရောင်းနေတဲ့ နေရာတစ်ခုကို PDF တွေ ဝင်ရောက်ဖမ်းဆီး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်နေတယ်လို့ ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့မှုကြောင့် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံး PDF က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၃၀ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး WY အလုံး ၁၉၀ ၊ လုံးချင်း ၁၃၀ ပါ အထုတ်တစ်ထုတ် ၊ ပိုက်နဲ့ ဆယ်တောက် ၆ တောင့်၊ ဓားတစ်လက်နဲ့ မက့်ဂနစ် သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတွေကိုတော့ သတိပေးကာ ပြန်လည်လွှတ်ပေးခဲ့ပြီး နောက်ထပ်ကျူးလွန်ပါက အမြစ်ဖြတ်ချေမှုန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။