ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စု မိုင်းထိပြီး ၁ ဦးသေ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီဖြူကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားပြီး ကျေးရွာတွေကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးသွားတယ်လို့ ဗိုလ်ကျားရိုင်းဦးဆောင်တဲ့ ပကဖ (ရွှေဘို) က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၃၀ ရက်နေ့မှာ ဇီးကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ကင်းလှည့်စစ်ကြောင်းတစ်ကြောင်းကို မဟာမိတ်ညီနောင်တွေဖြစ်တဲ့ C&T SHWEBO, SNAKE EYE PDF , ဒေါင်းမာန်, ဗိုလ်ကျားရိုင်း ပကဖ , ALpha 7 က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။