ခင်ဦး တပင်ကောင်း(တောင်)ရွာမှာအကြမ်းဖက်စစ်အုပ်စုက အိမ်ခြေ ၅၀ခန့်ကို မီးရှို့ဖျက်ဆီး

ခင်ဦးမြို့နယ် တပင်ကောင်း(တောင်)ရွာမှာ မနေ့က ဧပြီလ ၂၉ ရက်မှာ အကြမ်းဖက်စစ်အုပ်စု ၁၀၀ နီးပါးလောက် လက်နက်ကြီးတွေနဲ့ ဝင်ပစ်ခတ်ပြီး အိမ်ခြေ ၅၀ခန့်ကို အကြောင်းမဲ့ မီးရှို့ပြီး ထွက်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆိုပါတယ်။
စစ်အုပ်စုဟာဒီနေ့ မနက်ပိုင်းမှာ ရွာသားတွေ ပြန်လာချိန်မှာ တကျော့ပြန်တိုက်ခိုက်တာကြောင့် ဒေသခံ ထောင်ချီ ထပ်မံထွက်ပြေးနေရတယ်လို့ဆိုပါတယ်။
မတ်လ ၅ရက်နေ့ကစတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုက နေ့ စဥ်နီးပါးလက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာရွာတွေကို ဝင်ရောက်ဖျက်ဆီးပြီး ရွာလုံးကျွတ်မီးရှို့တာတွေကြောင့် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ(၁၀၀၀)ကျော်လာပြီ ဖြစ်ပြီး အိုးမဲ့အိမ်မဲ့စစ်ဘေးရှောင် ပြည်သူ ၄သောင်းနီးပါး ရှိနေပြီလို့ဆိုပါတယ်။
Crd-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး