မြင်းမူအခြေစိုက် PDFစခန်းတစ်ခုကို အကြမ်းဖက်စစ်တပ် ဝင်စီ

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အခြေစိုက် PDF စခန်းတစ်ခုကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဝင် ရောက်စီးနင်းခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြင်မူမြို့နယ် အခြေစိုက် Myint Mu Defence Force နဲ့ GTR MMU စခန်းနေရာ တို့ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဧပြီလ ၂၉ရက်နေ့ မနက် ၄နာရီခွဲလောက်က ထီးဆောင်းလမ်းပေါ်ရှိ ကန်တော်ရွာနဲ့ ငါးကင်းကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုများတယ်လို့သိရပြီးမနက် ၆နာရီမိနစ်၂၀လောက်မှာ ဒဏ်ရာရနဲ့ အသေတွေကို မြင်းမူဆေးရုံသယ်လာတယ်လို့ ဒေသခံတွေထံကသိရကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
‘ဒီနေ့ မနက် ကျွန်တော်တို့ GTR MMUစခန်း ကို ခွေးတွေ ဝင် စီးတာခံ ရပါတယ်’လို့ GTR MMU ကသူ့ရဲ့လူ မှုကွန်ရက်စာမျက်နှာပေါ် ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကန်တော်ရွာမှာတပ်စွဲထားတယ်လို့သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦးထိခိုက်ထားတယ်လို့ သိရပေမဲ့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေမသိရသေးပါဘူး။
မန္တလေး-မုံရွာလမ်း၊ ထီးဆောင်း- အရာ‌တော်လမ်းကို ခရီးသွာမဲ့ ပြည်သူတွေဂရုစိုက်ကြဖို့နဲ့ ဖြစ်နိုင်ရင် မသွားကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။