လောင်းလုံးမြို့နယ်မှာ Mytel တာဝါတိုင် ဆီလာဖြည့်တဲ့ကား ဖောက်ခွဲခံရ

ဓာတ်ပုံ-လောင်းလုံးPDF
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ဆီလာဖြည့်ပေးတဲ့ကားကို မီးရှို့ဖောက်ခွဲခဲ့တယ်လို့ လောင်းလုံး PDFက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၈ရက်နေ့ မနက် ၁၀နာရီ ၄၅မိနစ်လောက်က ကြက်ယက်တွင်းကျေးရွာအနီးမှာ Mytel တာဝါတိုင် ဆီလာဖြည့်တဲ့ကားကို လောင်းလုံး PDFက တားဆီးစစ်ဆေးခဲ့ကာ မော်တော်ယာဉ်မောင်းနဲ့ အဖော်ဖြစ်သူကို စစ်မေးခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးကို အကြမ်းဖက်စစ်အုပ်စုနဲ့ မပက်သက်ဖို့ သတိပေးပြီးနောက် မော်တော်ယာဉ်ကို ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကောင်စီရဲ့စီးပွါးရေးထောက်တိုင်ဖြင့် ဘဏ္ဍာရှာဖွေနေသည့် အရာမှန်သမျှကို ကျွန်တော်တို့ ဘယ်တော့မှ လိုက်ပိုက်ကြည့်နေမည်မဟုတ်”လို့ လောင်းလုံးPDFက ဆိုပါတယ်။