လောင်းလုံးမြို့မှာ ပျူစောထီး အဖွဲ့ဝင်ဆိုသူ အမျိုးသမီးတစ်ဦး အပစ်ခံရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ကြီးနေတဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့ မနက် ၇ နာရီ ၁၀ မိနစ်လောက်မှာ ပန်းဒလဲကျေးရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဒေါ်သန်းသန်းတင့်ကို Dawei Defense Team (DDT) က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒေါ်သန်းသန်းတင့်ဟာ ကျေးရွာစျေးတွေမှာ ဆက်ကြေးကောက်ခံပြီးတော့ စစ်အုပ်စုကို ထောက်ပံ့နေသူတစ်ဦးဖြစ်တယ်လို့ Dawei Defense Team (DDT) က ဆိုပါတယ်။
အခုလို ရှင်းလင်းခဲ့တာဟာ ဒေသခံပြည်သူတွေနဲ့ သက်ဆိုင်မှုမရှိဘဲ Dawei Defense Team (DDT) အဖွဲ့က ရဲဘော်တွေသာ သီးသန့်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။