တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသ မူးဒူးကျေးရွာမှာရှိတဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်တစ်လုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“ဦးဆန်းဝင်းတို့က အိမ်မှာမရှိဘူး ထိန်ကြီးရွာက ပျူစောထီး ဉာဏ်ရည်အသတ်ခံရပြီးထဲက မိသားစုလိုက် ထွက်ပြေးနေတာ၊ ဘယ်အဖွဲ့က ရှို့သွားတယ်ဆိုတာတော့ မသိဘူး၊ ရွာကလဲ ဘယ်သူမှ မငြှိမ်းပေးဘူး ထိုင်ကြည့်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နဘုဘယ်ဒေသမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ ဖြစ်စဉ်ဟာ မတ်လ ၂၃ ရက်နေ့ကလည်း တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပရဒတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မီးလောင်ကျွမ်းခဲ့ပါတယ်။