ကလေးနယ်တောင်ပိုင်း ရင်ဆိုင်တိုက်ပွဲ စစ်သား၁၀ဦးထက်မနည်းသေ၊သေနတ်တချို့ သိမ်းဆည်းမိ

စစ်ကိုင်းတိုင်း၊ကလေးနယ်တောင်ပိုင်း၊အရှေ့စည်းရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိပ် တိုက်ရင်ဆိုင်တိုက်ပွဲမှာ စစ်သား၁၀ဦးထက်မနည်းသေဆုံးပြီးသေနတ်၃လက်နဲ့ကျည်တချို့ သိမ်းဆည်းရမိခဲ့ ပါတယ်။
ဧပြီ၂၇ရက်နေ့က ကလေးနယ်တောင်ပိုင်း၊ အရှေ့စည်းရွာကို အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးစုစုပေါင်းအင် အားရာဂဏန်းလောက်နဲ့ စစ်ကြောင်းထိုးလာစဉ် CDF-KKG၊ PDF-Kalay၊ RKDF နဲ့ ပကဖအဖွဲ့ပူးပေါင်းတပ်ဖွဲ့ တို့က ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ CDF-KKG ကဒီနေ့မနက်ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အရှေ့စည်းရွာမြောက်ဘက်ကနေ လက်နက်ကြီး ၊လက်နက် ငယ်တွေနဲ့ တရစပ်ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာခဲ့တာပါ။
အကြမ်းဖက်စစ်တပ်ဟာ ထိခိုက်သေဆုံးများတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ပြီးMA2 (၁) လက်၊ ကာဘိုင် (၂) လက်၊ ၅.၅၆ ကျည် (၈၀)၊ ၀.၉၅ ကျည် (၂၀၀)၊ MA2 ကျည်အိမ် (၁) ခုနဲ့ ကာဘိုင်ကျည်အိမ် (၃)ခုတို့ကို ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။
အကြမ်းဖက်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရှေ့စည်းရွာက နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ရဲ့ RKDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရရှိကာ PDF-Kalayရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အထိနာခဲ့တဲ့အကြမ်းဖက်တပ်ဟာ ရွာမြောက်ဘက်ပိုင်းကို ယာယီဆုတ်ခွာသွားပြီး တိုက်ပွဲအချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်ခြင်းကြောင့် အရှေ့စည်းရွာနဲ့ အနီးကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်းတိမ်းနေရပါတယ်။