ပါကစ္စတန်မှာ အသေခံကားဗုံးခွဲမှုအတွင်း တရုတ်နိုင်ငံသား ၃ဦးသေဆုံး

 

Photo-AFP

ပါကစ္စတန် နိုင်ငံ တောင်ပိုင်း ကရာချီမြို့မှာ ကားတစီးအတွင်း အသေခံ ဗုံးဖောက်ခွဲမှုကြောင့် တရုတ် နိုင်ငံသား ၃ ဦးနဲ့ ဒေသခံ ကားမောင်းသမားတို့ သေဆုံးတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ဧပြီလ ၂၆ရက်နေ့မှာ ပြောပါတယ်။

 ကရာချီမြို့မှာ တရုတ်တို့ တည်ထောင်တဲ့ ကွန်ဖြူးရှပ် အင်စတီကျုကို သွားတဲ့ အဝင်ဂိတ် အရောက်မှာ သူတို့ စီးနင်းလာတဲ့ ဗင်ကား ပေါက်ကွဲခဲ့တာလို့ ရဲတပ်ဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အမျိုးသမီးအသေခံဗုံးခွဲသမားတဦးက တိုက်ခိုက်တာဖြစ်ပြီး မတရားသင်း ကြေညာခံထားရတဲ့ The Baloch Liberation Army ပါကစ္စတန်ခွဲထွက်ရေးအဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။

သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားတွေထဲမှာတော့ တရုတ် ဘာသာစကား ဘွဲ့သင်တန်းတွေ ဖွင့်လှစ်နေတဲ့ ကွန်ဖြူးရှပ် အင်စတီကျူရဲ့ ဒါရိုက်တာနဲ့ အမျိုးသမီး ကျောင်းဆရာမ နှစ်ဦးတို့ ပါဝင်ပါတယ်။

တရုတ်ဟာ ဘေဂျင်း ရပ်ဝန်းတခုလမ်းကြောင်းတခု (BRI) စီမံကိန်းတစိတ်တပိုင်းအဖြစ် ပါကစ္စတန်နိုင်ငံ   ဘာလူချစ်စတန် ဒေသက အကြီးစားဆောက်လုပ်ရေးစီမံကိန်းတွေမှာ ပါဝင်ပတ်သတ်နေတာကြောင့် အဲဒီဒေသက ခွဲထွက်ရေးသမားတွေရဲ့ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်ခံရလေ့ရှိပါတယ်။