စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၇ဦးသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဧပြီလ ၂၄ရက်နေ့ မနက် ၅နာရီခန့်မှာ ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာကနေ အင်အား ၄၀ခန့်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ချောင်းဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ချောင်းဦး ပကဖက ဦးဆောင်ပြီး CHUPDF တပ်ခွဲ (၂)မှ ခုခံတိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၇ဦးသေဆုံးခဲ့ပြီး CHUPDFက ရဲဘော် မင်းခန့်ဇော် ကျဆုံးခဲ့ရတယ်လို့ CHUPDFရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။