မှောင်ခို ကားဝယ်သူ အယောင်ဆောင် ဒုရဲအုပ်ကို ကျပ်သိန်း ၂၀ နဲ့အတူ သိမ်ဆိပ်မှာ ဖမ်းမိ

မှောင်ခိုကားလာဝယ်သူ အယောင်ဆောင်ကာ လှုပ်ရှားနေတဲ့ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်တစ်ဦးကို ကျပ်သိန်း ၂၀ ကျော်နဲ့အတူ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သထုံပြည်သူ့ပြောက်ကျားများက ဒီကနေ့ ထုတ်ပြန်ပါတယ်။
သထုံခရိုင် KNU/KNLA တပ်မဟာ ၁၊ တပ်ရင်း(၂) လက်အောက်ခံ PDF တပ်ရင်း (၂) ၊ တပ်ခွဲ (၁) ရဲ့
သိမ်ဆိပ်လေးကေလမ်းပေါ်ရှိ ထုံးဘိုကြီး၊ ထုံးဘိုလေးရွာ ကြား စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေတပ်သား၊ ရဲနဲ့ဒလန်တွေဟာ ပြည်သူအယောင်ဆောင် ၊ရွာသားအယောင်ဆောင်ကာ လှုပ်ရှားနေတာကြောင့် လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးနေစဉ် ဧပြီ ၂၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဒုရဲအုပ် မင်းမင်းဦးဆိုသူကို ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
သူဟာ မှောင်ခိုကားလာဝယ်သူ အယောင်ဆောင်ကာ သထုံခရိုင်အတွင်းရှိ စစ်တပ်တော်တော်များများကို ပိုက်ဆံထောက်ပံ့မှု​ရှိတာကို တွေ့ရကြောင်း မင်းမင်းဦးမောင်းနှင်လာတဲ့ကားပေါ် ခြောက်လုံးပြူးသေနက် တစ်လက်၊ ကားနံပါတ်အတုတွေနဲ့ သူ့ရဲ့ဖုန်းထဲမှာ ခွေးဇာတ်ခင်း ဖောက်ပြန်ထားတဲ့ VD တွေ တွေ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မင်းမင်းဦးကို KNU ဥပဒေအရ အရေးယူဆောင်ရွက်လိုက်တယ်လို့လည်း ဆိုပါတယ်။