ဖိနှိပ်မှုတွေကြား ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံကြောင်း ပြင်သစ်အစိုးရပြေ

Photo- Google
ဖိနှိပ်ရက်စက်မှုတွေကြားထဲ သတ္တိရှိစွာ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံကြောင်း ပြင်သစ်အစိုးရက ထပ်မံ အတည်ပြုပြောကြားလိုက်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့၊ အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ ပြင်သစ်ဥရောပဆိုင်ရာနဲ့ နိုင်ငံခြားရေးရာဝန်ကြီး Jean-Yves Le Drian တို့ မြန်မာ့အရေး ဆွေးနွေးမှုအပြီး ပြင်သစ်အစိုးရက အဲဒီလို ပြောဆိုလိုက်တာလို့ VOA က ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ပြီး NUG အစိုးရ ၊ CRPH အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးတရပ် လုပ်ဆောင်ခြင်းဟာ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ အရေးကြီးတဲ့ကိစ္စဖြစ်ကြောင်းလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ကို ပြင်သစ်အနေနဲ့ ထောက်ခံသွားမယ်လို့ ထပ်လောင်းအတည်ပြုခဲ့သလို အဲဒီမူ ၅ ရပ်ကို အကြမ်းဖက်စစ်အုပ်စုက ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် အခြေအနေတွေ တိုးတက်လာခြင်း မရှိဘူးလို့လည်း ပြင်သစ် အစိုးရက ဝေဖန်လိုက်ပါတယ်။