လမ်းသွားလမ်းလာပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်အုပ်စု ဗုံးနှစ်ကြိမ်ထိ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှတ်တိုင်နဲ့ ဗိုလ်ချုပ်မှတ်တိုင်မှာ ပြည်သူတွေမောင်းနှင်လာတဲ့ ဆိုင်ကယ်တွေကို လုယက်ဖမ်းဆီးနေတဲ့ စစ်အုပ်စုနဲ့ ရွှေပြည်သာတံတားအဆင်းမှာ ဆိုင်ကယ်တွေကို လုယက်ဖမ်းဆီးနေတဲ့ စစ်အုပ်စုကို From Zero To Hero အဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၅ရက်နေ့ မနက် ၉နာရီခွဲလောက်က စက်မှုဇုန်မှတ်တိုင်နဲ့ ဗိုလ်ချုပ်မှတ်တိုင်မှာ ဆိုင်ကယ်တွေလုယက်ဖမ်းနေတဲ့ စစ်အုပ်စုကို ပထမအကြိမ် ဗုံးပစ်တိုက်ခိုက်ခဲ့ပြီးနောက် မွန်းလွဲ ၁၂နာရီခွဲလောက်က ရွှေပြည်သာတံတားအဆင်းမှာ ဆိုင်ကယ်တွေ လုယက်ဖမ်းဆီးနေတဲ့ စစ်အုပ်စုကို ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ ဖိနှိပ်ချုပ်ချယ်ခံရတာတွေ ကြုံတွေ့နေရပါကလည်း From Zero To Heroအဖွဲ့ဆီကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။