နယ်မြေမတည်ငြိမ်မှုတွေကြားမှ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျေးရွာတစ်ရွာမှာ အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး ကျေးလက်သပိတ်စစ်ကြောင်း ကိုဒီနေ့ (ဧပြီ ၂၅) ရက်နေ့ နေ့လယ်ပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ ကြပါတယ်။
အဆိုပါ သပိတ်စစ်ကြောင်းအတွင်း ဆန္ဒပြပြည်သူတွေ လုံခြုံရေးအတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက လိုက်ပါဝန်းရံပေးခဲ့ပြီး “အကြောက်တရားနဲ့ အုပ်ချုပ်လို့ ဒီပဲယင်းသားတွေ မဖြုံ” ၊ “စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြကြတာပါ။