ကျဆုံးရဲဘော် ၇ ဦးရဲ့ မိသားစုတွေကို ကျပ် ၁၀ သိန်းစီ မြိုင် PDF ထောက်ပံ့

ကျဆုံးရဲဘော် ၇ ဦးရဲ့ မိသားစုတွေကို ကျပ် ၁၀ သိန်းစီ ထောက်ပံ့ခဲ့ကြောင်း မြိုင်​မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ-၁ ဟာ တဲကြီးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့စဉ်က အကြမ်းဖက်စစ်သား ၁ ဦးသေပြီး တပ်ခွဲ-၁ PDF ရဲဘော် ၅ ဦးနဲ့ Local PDF ရဲဘော်၂ ယောက် ကျဆုံးခဲ့ ကြောင်း ဧပြီ ၁၉ ရက်နေ့မှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။
PDF ရဲဘော် ၇ ဦးစလုံးဟာ ချောင်းပိတ်အဖမ်းခံရပြီးနောက် အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ်လို့ ကျဆုံးခဲ့တာပါ။
‘အခုလို လုပ်ဆောင်တာဟာ ကျွန်တော်တို့ PDF တွေအနေနဲ့ ကိုယ့်ရဲဘော်နဲ့မိသားစုတွေကို အင်မတန်မှ အလေးထားကြောင်း ဖော်ပြလိုက်တာလို့ ကျွန်တော်နားလည်ဂုဏ်ယူပါတယ်’ လို့ ပုလဲအခြေစိုက် ပြောက်ကျားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရွာထဲကိုလည်း ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၃ ဦး ကျဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။