ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ပညာရေးမှူးရုံးအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်လောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသတွင်း မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ နဂါးနီးတော်လှန်ရေးတပ်ဖွဲ့က အဝေးမိုင်းနဲ့ ဖောက်ခွဲလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
နဂါးနီ တော်လှန်ရေးအဖွဲ့အနေနဲ့ စစ်အုပ်စုရဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး မြန်အောင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်အုပ်စုရဲ့ သက်ရှိ သက်မဲ့ ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။